ဇွန်လဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ်ပုံမှန် ဖြစ်လျက် ရှိပြီး ပို့ကုန်ပဲများမှာ ပြည်ပတင်ပို့မှုအေးနေသောကြောင့် အရောင်းအဝယ်အေးပြီး ဈေးနိမ့်လာ ကြောင်း သိရသည်။
ပဲတီစိမ်း၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၃၈၀၀၀၀၊ ယခင်လ ကျပ် ၄၃၀၀၀၀ မှ ၄၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ ဈေးတက်လာပြီး၊ ယခင်လထက် ကျပ် ၇၀၀၀၀ မှ ၁၄၀၀၀၀ ဈေးနိမ့်လာသည်။
ပဲစင်ငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၅၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၄၀၀၀ မှ ၂၅၅၀၀၀၊ ယခင်လ ကျပ် ၂၇၇၀၀၀မှ ၂၇၈၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀မှ ၃၀၀၀ ခန့်ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၂၀၀၀၀မှ ၂၁၀၀၀ ဈေးနိမ့်လာသည်။
ပဲစင်းငုံ(ဖြူ)၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၅၀၀၀ မှ၂၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၃၀၀၀၊ ယခင်လ ကျပ် ၂၇၃၀၀၀မှ ၂၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၀၀၀ မှ ၃၀၀၀ ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ ဈေးနိမ့်လာ သည်။
မတ်ပဲ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၅၀၀၀မှ ၂၇၀၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၈၀၀၀၀မှ ၂၈၁၀၀၀၊ ယခင်လ ကျပ် ၂၆၅၀၀၀မှ ၂၈၆၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၁၀၀ မှ ၁၅၀၀၀၊ ယခင်လထက် ကျပ် ၁၆၀၀၀ ဈေးနိမ့်လာသည်။